သင့် အသိုင်းအဝိုင်းကို ကာကွယ်ပါ

[အိမ်မှာနေပြီး အသက်ကယ်ပါ]

[သင့်အသိုင်းအဝိုင်း အကြောင်း အချက်အလက်များ]

ပျမ်းမျှလူတစ်ဦးက လူအယောက် 600 နှင့် သိကျွမ်းလျှင်

အဆိုပါလူဦးရေ၏ 2–4% သည် COVID-19 ရောဂါကူးစက်၍ သေဆုံးနိုင်ပါသည်

 ဆိုလိုသည်မှာ သင် ရောဂါကူးစက်ခံရလျှင် သင့်အသိုင်းအဝိုင်းထဲရှိ လူ 12-24 ဦး သေဆုံးနိုင်ပါသည်

Six Feet Apart

ခြောက်ပေအကွာနေမလား

ဒါမှမဟုတ်

အသက်အဆုံးရှုံးခံမလား

[အမှန်တရား]

လူမှုအဖွဲ့အစည်းအတွင်း ဖွဲ့စည်းပုံစနစ်အရ လူမျိုးရေးခွဲခြားမှု၊ ကျန်းမာရေး စောင့်ရှောက်မှုနှင့် ပင်ကိုဗီဇမှသည် သွေးတိုး၊ ဆီးချိုနှင့် အဝလွန်ခြင်း စသည့်အချက် အမျိုးမျိုးပါဝင်သည့် အချက်အလက်များအရ လူမည်းများနှင့် အသားညိုသော လူများသည် COVID-19 ကြောင့် သေဆုံးနိုင်ခြေ အလွန်ပိုမိုမြင့်မားကြောင်း တွေ့ရသည်။ သို့ဖြစ်၍ သင့်အသိုင်းအဝိုင်းကို ကာကွယ်ရန် ပို၍ပင် အရေးကြီးပါသည်။ အိမ်မှာနေပြီး အသက်ကယ်ပါ။

ကျွန်ုပ်တို့အားလုံးသည် မိမိတို့၏ မိသားစုများနှင့် အတူတကွ စုဝေးတွေ့ဆုံလိုကြသည်၊ သို့သော် ရောဂါကူးစက်ခံထားရသည့် လူများစွာတွင် လက္ခဏာမပြကြပါ။ ၎င်းတို့မှာ နေမကောင်းဖြစ်သော အရိပ်လက္ခဏာ သို့မဟုတ် ရောဂါလက္ခဏာ အလျဉ်းပြသခြင်း မရှိပါ။ ထို့ကြောင့် ထိုကဲ့သို့လူတစ်ဦးက ဆီးချိုရှိသော သူ့အဖွားကို သွားတွေ့သောအခါ သူမကို အသက်ဆုံးရှုံးစေနိုင်ပါသည်။

ကျွန်ုပ်တို့၏ အသိုင်းအဝိုင်းကို ကာကွယ်ရမည်မှာ ကျွန်ုပ်တို့၏ တာဝန်ဖြစ်သည်။ ကျွန်ုပ်တို့အားလုံးတွင် တာဝန်ရှိပါသည်။ ဤကပ်ရောဂါကြီး၏ အခြားတစ်ဖက်သို့ ကျွန်ုပ်တို့ လွတ်မြောက်နိုင်ချိန်အထိ ကျွန်ုပ်တို့ ချစ်ခင်မြတ်နိုးရသည့် အရာအားလုံးကို ဘေးကင်းအောင် ကာကွယ်ပေးနိုင်ရန် အိမ်မှာပဲနေပါ။ ကျွန်ုပ်တို့အားလုံး ဤကပ်ရောဂါကြီးကို ဘေးကင်းစွာ ကျော်လွှားနိုင်ပါသည်။ ယခင်ကလည်း ကျွန်ုပ်တို့ ခက်ခဲကြမ်းတမ်းသည့် အချိန်များကို ဖြတ်ကျော်နိုင်ခဲ့ပြီး ယခုတစ်ကြိမ်တွင်လည်း ဖြတ်ကျော်နိုင်မှာဖြစ်ပါသည်။

[အရင်းအမြစ်များ]

သင် တစ်ဦးတည်း မဟုတ်ပါ။ ကျွန်ုပ်တို့၏ လူမှုအဖွဲ့အစည်းတွင် သင့်ကို ကူညီပေးရန် လူအင်အား ပစ္စည်းအင်အား ရင်းမြစ်များစွာ ရှိပါသည်။

သင့် အသိုင်းအဝိုင်းကို ကာကွယ်ပါ

[အိမ်မှာနေပြီး အသက်ကယ်ပါ]

Rochester, NY